ကမ္ဘာကြီးရဲ့ကျန်းမာရေးအတွက်မျှော်လင့်ချက်တစ်ခု Myanmar နိုင်ငံအတွက် ပိုဝမ်းသာမိ

 

ကမ္ဘာကြီးရဲ့ကျန်းမာရေးအတွက်မျှော်လင့်ချက်တစ်ခု
ကိုရိုနာဗိုင်းရပ်စ်ကို ကုသရာမှာ ဂျပန်နိုင်ငံကထုတ်တဲ့
အဖျားပျောက်ဆေး Avigan ဟာထိရောက်မှုရှိတဲ့အ
တွက် လူနာသစ်တွေကို ဒီဆေးသုံးပြီး ကုသွားမယ်လို့
တရုတ်တာဝန်ရှိသူတွေကတရားဝင်ပြောကြားလိုက်ပါ
တယ်။                                                                                                                                                                                                                                                
ဝူဟန်နဲ့ ရှန်ကျန်းက လူနာတွေကို ဒီဆေးနဲ့ စမ်းသပ်
ကုသခဲ့ရမှာ ထိရောက်မှုရှိတဲ့အတွက် ဒီဆေးကို သုံး
သွားမယ်လို့ တရုတ်တာဝန်ရှိသူတစ်ဦးက သတင်း
စာရှင်းလင်းပွဲမှာ တရားဝင်ထုတ်ဖော်ပြောကြားခဲ့တာ
ဖြစ်ပါတယ်။
စမ်းသပ်မှုတွေအရ ဒီဆေးမတိုက်တဲ့လူနာတွေဟာ
အဖျားကျဖို့ ၄.၂ ရက်(၄ ရက်ကျော်)ကြာပေမယ့် ဒီ
ဆေးတိုက်တဲ့လူနာတွေကတော့၂.၅ရက်(၂ရက်ခွဲ)
ဆို အဖျားကျပါသတဲ့။ နောက်ပြီး ဒီဆေးမတိုက်တဲ့
လူနာတွေကို ၅.၉၈ရက်(၆ရက်နီးပါး)ကြာမှချောင်း
ဆိုးပျောက်ပေမယ့် ဒီဆေးတိုက်ရင် ၄.၅၇ ရက် (၄
ရက်ခွဲ)နဲ့ချောင်းဆိုးပျောက်ပါသတဲ့။နောက်ပြီးဘေး
ထွက်ဆိုးကျိုးလည်းမရှိပါဘူးတဲ့။                                                                                                                                                                                                      
ဒီဆေးမပေးတဲ့လူနာဟာဗိုင်းရပ်စ်ပျောက်ဖို့ပုံမှန်ဆို
၁၁ရက်လောက်အချိန်ယူရပေမယ့် ဒီဆေးတိုက်တဲ့
လူနာကတော့ ၄ ရက်အကြာမှာပြန်စစ်ရင်ဗိုင်းရပ်စ်
ပျောက်တာကိုတွေ့ရပါတယ်တဲ့။စိတ်ဝင်စားစရာအ
ကောင်းဆုံးကတော့ ဒီဆေးတိုက်တဲ့ လူနာ ၉၁ %
ဟာ အဆုတ်အခြေအနေတိုးတက်လာတာကိုတွေ့
ရှိရပြီးဆေးမတိုက်တဲ့လူနာတွေရဲ့၆၂ %ပဲအဆုတ် အခြေအနေတိုးတက်မှုရှိပါသတဲ့။
ပြောရမယ်ဆိုရင်တော့ ဒီသတင်းဟာ ကမ္ဘာကြီးရဲ့
ကျန်းမာရေးအတွက် သတင်းကောင်းတစ်ခုပါ။ ဒါ
ပေမဲ့ ဆေးပညာသဘောအရတာ့ အကန့်အသတ်
တွေရှိနေပါသေးတယ်။
ဂျပန်ကျန်းမာရေးဝန်ကြီးဌာနရဲ့. သတင်းအရင်းအ
မြစ်တစ်ခုကတော့ ဒီဆေးဟာ ရောဂါမပြင်းထန်တဲ့
လူနာတွေမှာ ပိုထိရောက်ပြီး ရောဂါပြင်းထန်တဲ့ လူ
နာတွေမှာတော့ သိပ်မထိရောက်ဘူးလို့ဆိုပါတယ်။
အထူးသဖြင့် ဂျပန်က ဆရာဝန်တွေကတော့ လူနာ
ရဲ့ရောဂါအခြေအနေမဆိုးအောင်တားဆီးဖို့ ဒီဆေး
ကိုသုံးကြတယ်လို့ ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လူသားတွေရဲ့ကြိုးပမ်းမှုကြောင့်
ကပ်ရောဂါဘေးကို ကျော်လွှားဖို့ အလင်းရောင်လေး
တွေတော့ မြင်လာနေရပါပြီ။
Source: NHK, Guardian

 

 

 

 

 

 

Add a Comment

Your email address will not be published. Required fields are marked *