ဝူဟန်ဗိုင်းရပ်စ်ကြောင့် သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းဖြစ်နေသူတွေ အိမ်ထဲကအိမ်ပြင်ထွက်မရတဲ့ အခြေအနေမှာ Dortmund Ultrasလို့နာမည်ရတဲ့ Fan Groupတစ်ခုက စျေးဝယ်ပေး
|ချစ်စရာကောင်းတဲ့လူတွေဟာ ချစ်စရာအသွင်သဏ္ဍာန်မျိုးရှိတတ်ကြပါတယ်…
ဥရောပမှာ ကွင်းတွင်းပရိသတ်အားပေးမှုအများဆုံးအသင်းဟာ ဒေါ့မွန်ပါပဲ…
ဒေါ့မွန်ရဲ့အိမ်ကွင်းဖြစ်တဲ့ ဝက်စ်ဖာလန်ကွင်းဟာ ပရိသတ်ရှစ်သောင်းတစ်ထောင်ကျော်ဆံ့ပါတယ်၊ ဥရောပမှာ သူ့ထက်ကြီးတဲ့ကွင်းတွေလည်းရှိတာပေါ့၊ နျူးကမ့်၊ ဘာနေဗျူးစသည်ဖြင့်…
ဒါပေမယ့် ဒေါ့မွန်ရဲ့ဝက်စ်ဖာလန်ကွင်းဟာ (ပရိသတ်တွေရဲ့)အသံကြိမ်နှုန်းဒက်ဆီဘယ်အမြင့်ဆုံးကွင်းဖြစ်ပါတယ်၊ တစ်နည်းအားဖြင့်ပြောရရင် ပရိသတ်တွေရဲ့အော်ဟစ်အားပေးသံ အကျယ်လောင်ဆုံးပေါ့လေ…
အခု ဝူဟန်ဗိုင်းရပ်စ်ကြောင့် သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းဖြစ်နေသူတွေ အိမ်ထဲကအိမ်ပြင်ထွက်မရတဲ့ အခြေအနေမှာ Dortmund Ultrasလို့နာမည်ရတဲ့ Fan Groupတစ်ခုက စျေးဝယ်ပေးဖို့၊ အိမ်တိုင်ရာရောက်ပို့ဆောင်ပေးဖို့ အခမဲ့တာဝန်ယူသွားမှာဖြစ်ကြောင်း၊ လိုအပ်သူများအနေနဲ့ အချိန်မရွေးဆက်သွယ်နိုင်ကြောင်း တရားဝင်သတင်းထုတ်ပြန်သွားခဲ့ပြီ…
သိပ်တော်တဲ့ပရိသတ်တွေပဲ၊ သိပ်တော်တဲ့လုပ်ရပ်ပါပဲ…
ကြည်နူးရပါတယ္…
crd – မိုးနေ့
Respect par Dortmund Ultras
Share သွားကြပါဉီးဗျ။