နိုက်ကလပ်နှင့် ကေတီဗွီများ ပိတ်ရန် ရန်ကုန်တိုင်းအစိုးရ ညွှန်ကြား

နိုက်ကလပ်နှင့် ကေတီဗွီများ ပိတ်ရန် ရန်ကုန်တိုင်းအစိုးရ ညွှန်ကြား
နိုက်ကလပ်နဲ့ ကေတီဗွီတွေ ပိတ်ဖို့ ညွှန်ကြားလိုက်ပြီလို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။“ပိတ်ဖို့ကတော့ ညွှန်ကြားလိုက်ပြီ။ အဓိကကတော့ ကာရာအိုကေနဲ့ နိုက်ကလပ်နဲ့ပဲ။ ဘားတော့ မပါသေးဘူး”လို့ သူကဆိုပါတယ်။
တရုတ်ပြည်ဝူဟန်မြို့က စတင်ပြန့်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က မတ်လ ၁၁ ရက်နေ့မှာ သတ်မှတ်ကြေညာခဲ့ပါတယ်။

အဲဒီနောက် မြန်မာနိုင်ငံမှာလည်း လူစုလူဝေးနဲ့ကျင်းပတဲ့ အခမ်းအနားတွေ၊ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ကျင်းပတာအပါအဝင် ပွဲလမ်းသဘင်တွေကို ဧပြီလ ၃၀ ရက်နေ့ထိ မကျင်းပဘဲ ရပ်ဆိုင်းထားဖို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားတာပါ။

ရုပ်ရှင်ရုံတွေအားလုံး ပိတ်ထားဖို့ကိုလည်း မတ်လ ၁၆ ရက်နေ့က ညွှန်ကြားခဲ့ပါသေးတယ်။

news : DVB Burmese

Add a Comment

Your email address will not be published. Required fields are marked *