ကိုယ်တော်ကြီး နတ်ဝင်ပူးနေချိန် ဓါးပြီးကြောင်း စမ်းပြခဲ့သည့် နတ်ကတော် ဓားထိုးမိပြီး အသက်ထွက်
|ထိုင်းနိုင်ငံမြောက်ပိုင်းဒေသ ချင်းမိုင်ခရိုင် စံကမ်ဖလ် မြို့နယ်နေ အသက်(၂၅)နှစ် အရွယ် ထက်ပရစ်ပါလီ အမည်ရ နတ်ကတော်ဟာ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ လမ်းနား(မြို ဟာင်းနံမည်) နတ်ပွဲသဘင်ပေးနေချိန်မှာ နတ်ဆရာ တဦးဟာ နတ်ပူးနေရင်း မိမိကိုယ် ဓါးနဲ ပြန်ထိုးခဲ့မိလို အရေးပေါ်ဆေးရုံတင်ခဲ့ရပါတယ်။ သူဟာရှေးဟောင်း ကိုယ်တော်ကြီး နတ်ဝင်လာပြီဆိုရင် တခိုးအစွမ်းတွေပြ လာပြီး “နတ်စွမ်းလို ပွဲတိုင်းကျော် လာခဲ့နော်” လမ်းနားတို ပြည် စတဲ့ နတ်ဒိုးသီချင်းတွေနဲ ကပါတယ်၊ ပြီးဆိုရင် ကိုယ်တော်ကြီးက ဓါးနဲ သူ့ကိုယ်ကို အကြိမ်ကြိမ် ထိုးလိုက်ခုတ်လိုက်လုပ်ပြတာကို ပရိတ်သတ်တွေက အားပေးကြ ၊ဆုတော်ငွေတွေ ဆက်သနေကြတာပါ။
သူဟာခုလို နတ်ပွဲကို ကပြနေတာ ခြောက်နှစ်ရှိပြီဖြစ်ပါတယ်။ဒီနှစ်နတ်ပွဲမှာတော့ ခါတိုင်းလို နတ်ဝင်ပူးနေရင်း ဓါးနဲ ရင်အုံကိုထိုးပြခဲ့ရာမှာဓါးစိုက်ဝင်သွားခဲ့တဲ့ နရာဟာ နှလုံးသားတည့်တည့် ဖြစ်နေတာကြောင့် သွေးထွက်လွန်ပြီး ကိုယ်တော်ကြီးအသက်ထွက်ခဲ့ရတာလို့ သိရပါတယ်။
news : XYZ NEWS