နာရေးအတွက် လမ်းအသုံးပြုမှု မပေးတာကြောင့် ရုပ်အလောင်းကို လမ်းတစ်ဝက်မှာ ချထားခဲ့

နာရေးအတွက် လမ်းအသုံးပြုမှု အငြင်းပွားရာကနေ ရုပ်အလောင်းကို လမ်းတစ်ဝက်မှာ ချထားခဲ့ရ…

ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ် ဇင်ပြွန်းကုန်းကျေးရွားမှာ နာရေးလမ်းအသုံးပြုမှုနဲ့ ပတ်သက်ပြီး ရွားသားတွေကြား အငြင်းပွားမှုဖြစ်ပွားလို့ မတ်လ(၁၁)ရက်က ရုပ်အလောင်းကို လမ်းတစ်ဝက်မှာချခဲ့ရပါတယ်။

“အဲ့ဘက်မှာ ဖြစ်နေတာကြာပြီး နာရေးဖြစ်တိုင်းဖြစ်နေတာ၊ အခုလည်း ရွာသားအချင်းချင်းဖြစ်ပြီး အလောင်းကို ဒီအတိုင်းထားခဲ့တာ၊ လမ်းက နှစ်လမ်းရှိတယ်၊ နှစ်လမ်းလုံးသုံးလို့ရတယ်လို့ တိုင်းအစိုးရက ပြောထားပြီးသား။ အခုဆင်းညှိပေးတာလည်း အဆင်မပြေကြပါဘူး။” လို့ ကျုံပျော်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်သီတာက ပြောပါတယ်။

အဲဒီအလောင်းဟာ မတ်လ(၉)ရက်က သေဆုံးခဲ့တဲ့ ဦးကျော်စွာလွင်ရဲ့ ရုပ်အလောင်းဖြစ်ပါတယ်။

ဒါကြောင့် ရွာသူရွာသားတွေရဲ့ ကျန်းမာရေး လုံခြုံရေးကို ထိခိုက်စေနိုင်တာကြောင့် ရုပ်အလောင်းကို ဆက်လက်ပို့ဆောင်မှု မပြုပဲထားလျှင် သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းစီမံမှုနဲ့ ပို့ဆောင်သဂြိုလ်သွားမှာဖြစ်ပါတယ်။ တားဆီးနှောင့်ယှက်ပြုလုပ်လျှင် ပြုလုပ်တဲ့ ရွာသားတွေကို အရေးယူသွား မယ်လို့လည်း မတ်လ(၁၁)ရက်နေ့က ကျုံပျော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *