ပြည်တွင်းစားသုံးရန် ဆန်လုံလောက်ရုံမက အပိုအလျှံပင်ရှိ
|ပြည်တွင်းစားသုံးရန် ဆန်လုံ လောက်ရုံတင်မက အပိုအလျှံပင်ရှိ ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်က မတ် ၁၃ ရက်စွဲဖြင့် ထုတ်ပြန် လိုက်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က COVID-19ကို ကမ္ဘာ့ကပ်ရောဂါ အဖြစ်သတ်မှတ်ကြေညာခဲ့ပြီးနောက် ပြည်သူလူထုအနေဖြင့် စားနပ်ရိက္ခာ အသုံးအဆောင်များ ဝယ်ယူစုဆောင်း မှုပြုလုပ်လျက်ရှိသဖြင့် စိုးရိမ်မှုမရှိ စေရန် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရ သည်။
လတ်တလောအခြေအနေတွင် ပြည်တွင်းဆန်စပါးဈေးကွက် တည်ငြိမ် စေရေးအတွက် အစိုးရဌာနများ အပါ အဝင် ဘက်အသီးသီးနှင့် ပေါင်းစပ် ညှိနှိုင်းလျက်ရှိပြီး ပြည်တွင်းဈေးကွက် အခြေအနေ တည်ငြိမ်စေရန်နှင့် ဖူလုံမှု ရှိစေရန် ဦးစားပေး၍ ညှိနှိုင်းဆောင် ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
”လူတွေ စိုးရိမ်ပြီး မလိုအပ်တာ တွေ ဖြစ်မှာစိုးလို့ ထုတ်ပြန်ပေးတာပါ။ ကျွန်တော်တို့ဆီမှာ Exporters ကုမ္ပဏီတွေရှိတယ်။ နိုင်ငံတော်က အစိုးရဘတ်ဂျက်နဲ့ တောင်သူလယ် သမားတွေဆီကနေ ဆန်စပါးဝယ်ထား တာရှိတယ်။ စပါးဈေးနှုန်းကျဆင်းချိန် တုန်းက အခြေခံရည်ညွှန်းဈေးနှုန်း ကျပ်ငါးသိန်းနဲ့ ဝယ်ထားတာတွေရှိ တယ်။ အရန်ဆန်စပါး တင်းပေါင်း ၁၇ သိန်းကျော်ရှိတယ်။ Exportersတွေမှာရော၊ ဆန်ကုန်သည်တွေမှာ ရော၊ ဆန်စက်ပိုင်တွေမှာပါ ဆန်တွေ အများကြီးရှိပါတယ်။ အခုတောင် နွေ စပါးစထွက်နေပြီ။ မတ်လကုန်ရင်လှိုင် လှိုင်ပေါ်မယ်။ အဲဒါကြောင့် ကျွန်တော် တို့နိုင်ငံရဲ့ ပြည်တွင်းစားသုံးမှုအတွက် လုံလောက်ပါတယ်၊ လုံလောက်တဲ့အပြင် အများကြီးပိုပါတယ်။ စိုးရိမ်စရာမရှိ ပါဘူး”ဟု မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ် အတွင်းရေးမှူးဦးနေလင်းဇင်က မြန်မာတိုင်းမ်သို့ ပြောသည်။
ထို့ပြင် ဈေးကွက်အတွင်း ဆန်ဈေး တက်ရန် အလားအလာရှိပါက အစိုးရ တွင်ရှိသော အရန်ဆန်၊ Exporters ၊ ဆန်ကုန်သည်များနှင့် ဆန်စက်ပိုင်ရှင် တို့၌ရှိသောဆန်များ ရောင်းချပေးကာ ဈေးတက်ခြင်းကို ထိန်းချုပ်သွားမည်ဟု ဦးနေလင်းဇင်က ပြောသည်။
”ဒါတွေကိုလည်း အကုန်လုံးကျွန်တော်တို့ စီစဉ်ထားပြီးသားပါ။ လိုအပ် ရင်တော့ နိုင်ငံတော်အစိုးရကလည်း ပြည်သူတွေအတွက် မထုတ်ရောင်းဘဲ မနေပါဘူး”ဟု ၎င်းက ပြောသည်။
ပြည်ပတင်ပို့ရောင်းချမှုကိုလည်း Exportersများနှင့် ညှိနှိုင်းပြီး စနစ် တကျ စီမံဆောင်ရွက်သွားနိုင်ရန် အတွက် အစိုးရထံ တင်ပြအကြံပြု သွားမည်ဟု သိရသည်။