မိန်းမလိုချင်ကြောင်း ကြော်ငြာဆိုင်းဘုတ်နဲ့ကြေညာခဲ့တဲ့အမျိုးသား တစ်လမပြည့်ခင် ချစ်သူရခဲ့
|
ဒီလရဲ့အစောပိုင်းလောက်က မလေးရှားနိုင်ငံ ၊ Terengganu ပြည်နယ်မှာနေထိုင်တဲ့အမျိုးသားဟာ ဇနီးသည်လိုချင်ကြောင်းကို ကြော်ငြာဆိုင်းဘုတ်ထောင်ပြီကြေညာခဲ့ပေမဲ့လည်း သူ့ရဲ့နောက်ဆက်တွဲသတင်းကိုဆက်ပြီး မသိခဲ့ရပါဘူး ။ သို့ပေမဲ့လည်း ယခုချိန်မှာတော့ Aziro အမည်ရှိတဲ့အမျိုးသားဟာ သူ့ရဲ့ဖူးစာဖက်ကိုရှာဖွေတွေ့ရှိသွားခဲ့ပါပြီ …။
ကြော်ငြာဆိုင်းဘုတ်တွေနဲ့မိန်းမလိုချင်ကြောင်း ကြောငြာပြီမကြာခင်မှာဘဲ ဖုန်းဆက်ပြီးချစ်ရေးဆိုလာခဲ့တဲ့မိန်းကလေးတွေအများအပြာရရှိခဲ့ပြီး ၊ အင်ဒိုနီးရှားနိုင်ငံက မိန်းကလေးများပါဆက်သွယ်လာခဲ့ကြောင်း သိရှိရပါတယ် ။ သို့်ပေမဲ့လည်း Aziro နေထိုင်တဲ့ Terengganu ပြည်နယ်က မိန်းကလေးတွေ ဆက်သွယ်လာတာမျိုးတော့ မရှိခဲ့ပါဘူး …။
နောက်ဆုံးမှာတော့ Terengganu ပြည်နယ်မှာနေထိုင်တဲ့ အသက် 33နှစ်အရွယ် မိန်းကလေးကိုလက်ခံဖို့ဆုံးဖြတ်ခဲ့ပါတယ် ။ အဆိုပါမိန်းကလေးကိုတော့ Aziro ရဲ့ညီမဖြစ်သူက ချိတ်ဆက်ပေးခဲ့တာဖြစ်ပြီး ၊ စကားတွေပြောဆိုကြပြီးနောက်မှာတော့ သူမကိုလက်ထပ်ဖို့ရွေးချယ်ခဲ့ပါတယ် …။
Aziro ကတော့ ” သူမက ကျွန်တော့်နဲ့လက်ထပ်ဖို့ သဘောတူခဲ့ပေမဲ့လည်း ၊ ကျွန်တော်တို့က အခုထိ သူငယ်ချင်းပါပဲ ၊ တစ်ယောက်အကြောင်း တစ်ယောက်သိဖို့ကြိုးစားနေပါတယ် ” ဆိုပြီးဖြေဆိုသွားခဲ့ပါတယ် …။
ထို့အပြင် Aziro ရဲ့ညီမဖြစ်သူကလည်း ” သူဘယ်သူ့ကိုပဲ ရွေးချယ်ပါစေ ၊ သူ့ကို ပျော်ရွှင်စေတယ် ၊ ကျွန်မတို့က ဇီဇာမကြောင်ပါဘူး ၊ ကျွန်မတို့မိသားစုနဲ့ သူ့ကို လက်ခံပေးနိုင်တဲ့သူမျိုးဖြစ်ရင် ရပါပြီ ၊ သူက လက်သမား အလုပ်လုပ်တော့ ၊ သူ့ကိုလက်ခံပေးနိုင်တဲ့ သူမျိုးကိုပဲ ရှာမှာပါ ” ဆိုပြီး ဖြေဆိုသွားခဲ့ပါတယ် …။