ချစ်သူရည်းစားကိစ္စ FB မက်ဆင်ဂျာ ဖြင့် စိန်ခေါ်ပြီး အသက်(၁၇)နှစ်အရွယ် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်
|၁၃.၃.၂၀၂၀ နေ့လယ် ၁၂နာရီအချိန် မြဝတီမြို့၊အမှတ်(၃)ရပ်ကွက်၊ကျောက်လုံးကြီးဘုန်းကြီးကျောင်းအရှေ့တွင်အသက်(၁၇)အရွယ်လူငယ်များမှ အုပ်စုဖွဲ့ရန်ဖြစ်မှုဖြစ်ပွားခဲ့ပါတယ်။ ချစ်သူရည်စားကိစ္စကို fb မက်ဆင်ဂျာ ဖြင့် စိန်ခေါ်ကြရာ လူအင်အားများသူတို့က ကားမှန်များရိုက်ခွဲကြရာ ဦးဇင်များက လူစုခွဲပေးလိုက်ကြပြီး အမှတ်(၃) အုပ်ချုပ်ရေးမှုးရုံးသို့ အပ်နှံခဲ့တယ်။အမှတ်(၃)အုပ်ချုပ်ရေးမှုးမှလူငယ်များဖြစ်၍နောက်နောင်အလားတူကိစ္စရပ်များ မဖြစ်ပေါ်လာအောင် အုပ်စုဖွဲ့ရန်ဖြစ်ကြသည့်ခလေးငယ်များအား ခံဝန်ထိုး ဆုံးမလိုက်ကြောင်းရေးသား တင်ဆက်လိုက်ပါသည်။
မြဝတီမြို့မှာ လူငယ်လူရွယ်များ ယခုလို မိဘမသိအောင် အုပ်စုဖွဲ့လုပ်ရပ်မျိူးမှာမကြာခဏဖြစ်လေ့ဖြစ်ထရှိတဲ့ဖြစ်ရပ်မျိူးပါ.ထိုသို့အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားကြပါက နောက်ဆုံးတော့အုပ်ထိန်းသူမိဘများက စိတ်ဆင်းရဲခြင်း အပူသောကရောက်ကြရတာအမှန်ပါ။
သတင်းဓါတ်ပုံ – ဘီဝမ်း