မယ်ကရိုဂူတောင်ထိပ်ရှိစေတီတော်ဌာပနာ ဖောက်ထွင်းခံရပြန်
|မယ်ကရိုဂူတောင်ထိပ်ရှိစေတီတော်ဌာပနာ ဖောက်ထွင်းခံရပြန်
ကျိုက်မရောမြို့နယ် မယ်ကရိုကျေးရွာနှင့်(၂)မိုင်ခန့်အကွာ မယ်ကရိုဂူတောင်ထိပ်၌ တည်ထားကိုးကွယ်ထားသော စေတီတော်ဌာပနာမှာ မတ်လ(၁၂)ရက်နေ့ နေ့လည်ပိုင်းခန့်တွင် ဖောက်ထွင်းခံရသည်ကို သိရှိရကြောင်း ဂေါပကထံမှသိရှိရသည်။
စေတီတော်ဌာပနာ ဖောက်ထွင်းခံရမှုကို ပန်းရံဆရာ ရွှေ့ပြောင်းလုပ်သား ကိုအောင်သူမှ မြင်တွေ့ခဲ့ပြီးနောက် ဂေါပကအဖွဲ့ထံအကြောင်းကြားကာ ကတုံစိနယ်မြေရဲစခန်းသို့ အသိပေးအကြောင်းကြားခဲ့ကြောင်းသိရှိရသည်။
အဆိုပါဖောက်ထွင်းခံရသည့်စေတီတော်မှာ မယ်ကရိုဂူဘုရားကျောက်တောင်ထိပ် အမြင့်ပေ(၈၀၀)ဝန်းကျင်တွင်တည်ထားပြီး မတ်လ(၈)ရက် (တပေါင်းလပြည့်)နေ့တွင် ရွှေထီးတော်တင်ကာ ကျပ်သိန်း(၂၀၀)တန်ဖိုးရှိရွှေထည်ပစ္စည်းများ ဌာပနာထည့်သွင်းထားကား ဖောက်ထွင်းခိုးယူခံရခြင်းဖြစ်ကြောင်း ဂေါပကထံမှသိရှိရသည်။
ရာမညတိုင်း(မ်)သတင်းအေဂျင်စီ