ကိုရိုနာ ဗိုင်းရပ်စ် ကို ကြောက် တာကြောင့် အဓိက နဲ့ သာမည လုပ်ဆောင် ရမှာကို ခွဲခြားသိကြ ပါ

ဘာကို ကြောက် ရမလဲ”

၁- စိတ်ပျက်ပျက် နဲ့ ရေးရတာ။ ကိုယ်တွေ ကြောက်စေချင်တာက တခု။ လူတွေ ကြောက်တာ က တခု။ စားစရာ၊ ကုန်တွေ ပြတ်လပ်သွားမှာ ပူမနေနဲ့၊ အဲဒါက ဝိသမလောဘသားတွေ စျေးကစားချင်လို့ ကောလဟလတွေ ထုတ်တာ။

၂- ကြောက်ဖို့ ကောင်းတယ် ဆိုတာ တကယ်လို့ ရောဂါက ရုတ်တရက် ပေါက်ကွဲသလို အလုံး အရင်းနဲ့ ဖြစ်လာရင် ဆေးရုံဆေးခန်းတွေ အင်အားနဲ့ မနိုင်မှာ။ ကွာရန်တင်း လုပ်ရခက်မှာ၊ ကုသသူတွေပါ ကူးစက်မှာ ဆိုတာမျိုးကို ကြောက်တာပါ။ တကယ်တမ်း ပြန်တွက်ရင် သူ့ရဲ့ သေနှုန်းက ကူးစက်ခံရသူ တရာမှာ တယောက်လောက်ပဲ ရှိတာ။ တရာရောဂါဖြစ်ရင် တယောက်သေပေါ့။ ဒီတော့ မြန်မာနိုင်ငံ က လူဦးရေ သန်းငါးဆယ်လုံး တယောက်မကျန် ကူးစက်တောင်မှ ငါးသိန်းလောက်ပဲ သေမှာရယ်။ (ဟုတ်တယ်၊ ဒီလိုပဲ ပြောရတော့မယ်)

၃- စောစောက ပြောတဲ့ ပေါက်ကွဲသလို အလုံးအရင်းနဲ့ ဖြစ်ဖို့ ဆို တာ ပွဲတွေ လမ်းတွေကနေ ရောဂါ ရှိနေမှန်း မသိသူ ရောက်သွားလို့ အလုံးအရင်း ကူးစက်တာမျိုးမှ ဖြစ်နိုင်တာ။ အခု အစိုးရက ဒီလို မဖြစ်အောင် လူစုလူဝေးတွေ လျော့ချနေတာ။ ဒါကို ကောလဟလနဲ့ ရောပြီး နားမယောင်ဖို့ လိုတယ်။ တကိုယ်ရေ ကာကွယ်ခြင်းမှာ လက်ခနခနဆေးတာ၊ မျက်နှာကို လက် နဲ့ ကိုင်တွယ်ပွတ်သတ်တာ ရှောင်တာ (အထူးသဖြင့် မျက်လုံး နှာခေါင်း)၊ နှာချေ ချောင်းဆိုးရင် တံတောင်ဆစ်ကွေးထဲ ဆိုးတာ၊ တစ်ရှူးနဲ့ အုပ်ဆိုးတာမျိုး လုပ်တာ၊ စတာတွေက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပါ။

၄- အရေးကြီးတဲ့ နောက် တခုက social distancing လုပ်တာပါ။ ဘာလဲ ဆိုတော့ တဦးနဲ့တဦး ကူးစက်နိုင်တဲ့ အကွာအဝေးထိ မချဉ်းကပ်ပဲ နေထိုင်တာပါ၊ ဒီတော့ အနည်းဆုံး သုံးပေ ခွာနေရမယ်။ လက်တွေ ဆွဲ မနှုတ်ဆက်နဲ့။ အခမ်းအနား၊ အစည်းအဝေး၊ လူစုလူဝေးရှောင်။ အိမ်မှာ လုပ်လို့ရတဲ့ အလုပ်အိမ်မှာလုပ်။ ဖုန်းနဲ့ ပြော လို့ ပြီးရင် လူချင်းမတွေ့နဲ့။ ဖယ်ရီကား၊ ဘတ် စကား ရှောင်။ နေ့လည်စာ ကိုယ့်စားပွဲမှာ ကိုယ်စား။ ရုပ်ရှင်ဘာညာ အိမ်မှာကြည့်။ ဒါမျိုးတွေ လုပ်ပါ။

အစိုးရက ပွဲလမ်းတွေ အခမ်းအနားတွေ ရပ်ထား တယ်ဆိုတာလည်း ဒီ social distancing လုပ်တာပါပဲ။ အဲဒါနဲ့ မနိုင်ပဲ အလုံးအရင်းနဲ့ ဆက်ဖြစ်မှ မြို့ကို lock down လုပ်တာဆက်လာပါတယ်။ အခု ကေ့စ်မတွေ့သေးခင်မှာ လော့ခ်ဒေါင်း မလုပ်သေးလို့ ပစ္စည်း ပြတ်လပ်တာ မဖြစ်နိုင်ပါ။ စီးပွားရေးမား စျေးကစားတာ မခံပါနဲ့…

၅- ဗမှားပြည်ကလည်း တခုခု မဖြစ်လိုက်နဲ့။ ပစ္စည်းလှောင်ပြီး အမြတ်စားမယ့် သူတွေ ပေါချက်။ Mask ဝယ်မရတာသာကြည့်။ ဒီတော့ မဟုတ်တာ တွေးပြီး ပစ္စည်းစုမယ့်အစား အားရင် ကိုယ့်လက်လေးကိုယ် ထိုင်ဆေးနေကြပါ့ လား။ ပေါက်ကရ အသံဖိုင်ဖြန့်တဲ့သူ ဘယ်သူလဲလည်း ရှာပေးကြဦး။ တရားစွဲချင်လို့…

သက်ကမိုးညို

Add a Comment

Your email address will not be published. Required fields are marked *