fbpx

(၁၀)တန်းဖြေကျောင်းသားများအား ဆိုင်ကယ် ဦးထုပ်ဆောင်းပြီး လာကြိုတဲ့ မိဘတွေကို ယာဉ်ထိန်း တပ်ဖွဲ့က ထီလက်မှတ် များပေးဝေ

ရှမ်းပြည်နယ်၊ လားရှိုးမြို့ မှာ တက္ကသိုလ်ဝင်တန်းဖြေ ဆိုတဲ့ ကျောင်းသား ကျောင်းသူတွေကိုလာကြိုတဲ့ အချိန်ဆိုင်ကယ်ဦးထုတ်ဆောင်းထားတဲ့ မိဘတွေကို ထီလက်မှတ် အခမဲ့ပေးဝေပေးခဲ့တယ်လို့ လားရှိုးမြို့ယာဉ်ထိန်း ရဲတပ်ဖွဲ့က သိရပါတယ်။ အဲဒီအစီအစဉ်ကို လားရှိုးမြို့ အ.ထ.က(၃)ကျောင်းရှေ့မှာ (မတ် ၁၁)ရက် ကစပြီး ယာဉ်လမ်းကြောင်းရှ င်းလင်းရေးနဲ့ ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့ လုပ်ဆောင်ရ တာဖြစ်သလို လာမယ့်ရက်တွေ မှာလည်း ထီလက်မှတ်တွေပေးဝေသွားမယ်လို့ သိရပါတယ်။

“ယာဉ်လမ်းရှင်းလင်းရေး လုပ်ရင်းနဲ့ ထီလက်မှတ်တွေဝေပေးေ နပါတယ်။ လာကြိုတဲ့ ကျောင်းသားမိဘကော ၊ ကျောင်းသားကော ဆိုင်ကယ်အုပ်ထုတ် ပါတဲ့သူကို ထီလက်မှတ်တွေ ဝေပေးနေတာဖြစ်ပါတယ်။” လို့ လားရှိုးယာဉ်ထိန်းရဲတပ်ဖွဲ့ အရာရှိတစ်ယောက်က သူ့ရဲ့ Facebook မှာ Video ဖိုင်တင်ပြီး ပြောထားပါတယ်။ထီ လက်မှတ်တွေကိုတော့ လားရှိုးမြို့က အလှူရှင်တွေကလည်းလာရောက်လှူဒါန်းခဲ့ပြီး ဒီနေ့ စုစုပေါင်း ထီလက်မှတ် အစောင်ရေ(၄၀၀)လက်ခံ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့မှာတော့ လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ တန့်ယန်း၊ မိုင်းရယ်မြို့တွေက တက္ကသိုလ်ဝင်တန်းစာမေး ပွဲရဲ့ စာစစ် ဌာနတွေကို လာရောက်ဖြေဆိုခဲ့တဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ကို ကြို၊ ပို့လုပ်ပေးတဲ့ ယာဉ်အားလုံး မတော်တဆ မှုမရှိခဲ့ဘူး လို့လည်း သိရပါတယ်။၂၀၁၉-၂၀၂၀ ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေကို တော့ ဒီနေ့ မတ်လ(၁၁)ရက်ကစပြီး မတ် လ(၂၀)ရက်အထိကျင်းပမယ်လို့ သိရပါတယ်။ တစ်နိုင်ငံလုံးမှာတော့ စာစစ်ဌာန(၁၉၉၉)ခုနဲ့ ဖြေဆိုဖို့စာရင်းပေးထားတဲ့ ကျောင်းသား၊ ကျောင်းသူပေါင်း (၉၇၁,၃၃၉)ရှိတယ်လို့ သိ ရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *