မန္တလေးတိုင်း မြစ်ငယ်မြို့ ကောင်းကင်ယံမှာ အမည်းရောင် စက်ဝိုင်းကြီး ဖြစ်ရတဲ့ အကြောင်းအရင်း
|မီးခိုး ကွင်း အဝိုင်း ဘာ့ကြောင့်ဖြစ်သလဲ
မန္တလေးတိုင်း မြစ်ငယ်မြို့အနီး ကောင်းကင်ယံမှာ မနေ့က အမည်းရောင် စက်ဝိုင်းကြီးတစ်ခု မြင်တွေ့ခဲ့ကြပါတယ်။ အဲဒါဘာလဲ ဆိုတာကို Chat box မှာ မေးမြန်းလာတဲ့ အာကာသနှင့် စကြဝဠာ၏ စာဖတ်ပရိတ်သတ်များအတွက် ပြန်ဖြေပေးလိုက်ပါတယ်။
အမည်းရောင်ဟာ ကာဗွန် ပါဝင်နိုင်ပြီး လေပေါ်မှာ တွေ့ရတဲ့အတွက် အငွေ့ သဘောဖြစ်ပါတယ်။ အဲ့တော့ ဒါဟာ မီးခိုးငွေ့ လို့ အကြမ်းဖျဉ်း သတ်မှတ်လို့ရပါတယ်။ လေတိုက်တဲ့အခါ တဖြည်းဖြည်း ပုံသဏ္ဍာန် ပြောင်းပြီး.. နောက်ဆုံးမှာ ပျက်ပျယ်သွားပါတယ်။ ဆိုတော့.. ဒါဟာ မီးခိုးငွေ့ဆိုတာ သေချာသွားပါပြီ။
နောက်တချက်က ဘာ့ကြောင့် စက်ဝိုင်းပုံပေါ်သလဲ..?
စက်ဝိုင်းပုံ မီးခိုးများဟာ စက်ဝိုင်း (သို့) စလင်ဒါ ပုံစံ အပေါက်ထဲကနေ မီးခိုး အလုံးလိုက် ထွက်တဲ့အခါမှာ ဖြစ်ပေါ်တတ်ပါတယ်။ ဥပမာ ဆေးလိပ်ငွေ့ကို ပါးစပ်မှ အကွင်းလိုက်ထွက်အောင် ပြုလုပ်လို့ ရပါတယ်။
ထို့အတူ အခြား စလင်ဒါ (သို့) စက်ဝိုင်းပေါက်မှလည်း မီးခိုး အဝိုင်းထွက်အောင် ထုတ်ကြည့်လို့ရပါတယ်။ ဒီတော့.. မီးခိုးအဝိုင်းဟာ စက်ဝိုင်းကဲ့သို့ အပေါက်တစ်ခုမှ မီးခိုး အလုံးလိုက်ထွက်ခြင်းကြောင့်လို့ သုံးသပ်လို့ရပါတယ်။
အဲ့ဒီ့ စက်ဝိုင်းပေါက်က ကောင်းကင်ကို ဘယ်ကနေ ရောက်လာသလဲ..?
ကောင်းကင်မှာ ပျံသန်းတဲ့ အရာတွေကတဆင့် ရောက်ပါတယ်။ အနိမ့်ပိုင်း ပျံသန်းတဲ့ ဟယ်လီကော်ပတာ ကဲ့သို့ အင်ဂျင်စက်များရဲ့ မီးခိုးထုတ်တဲ့နေရာဟာ စက်ဝိုင်းပုံစံရှိကြပါတယ်။
မိထ္ထီလာ လေတပ်စခန်းနဲ့ နီးတဲ့ နေရာဖြစ်လို့ ဟယ်လီကော်ပတာ (ရဟတ်ယာဉ်) တခုခုက မှုတ်ထုတ်သွားခဲ့တဲ့ မီးခိုးငွေ့ အဝိုင်း ဖြစ်လောက်ပါတယ်။
ဒီတော့.. နိမိတ်လဲမဟုတ်၊ UFO လည်း မဟုတ်ပါ။ ထိတ်လန့်ကြောက်ရွံ့စရာလည်း မလိုပါ။ အသိတရားနဲ့ ဆင်ခြင် သုံးသပ်တတ်ဖို့သာ လိုအပ်ပါကြောင်း.. ရေးသားတင်ဆက်ပေးလိုက်ပါတယ်။
အနာဂတ် ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)
တိုက်ရိုက်ထုတ်လွှင့် ဗွီဒီယိုင်