ကိုရိုနာဗိုင်းရပ်စ် အ ကြောင်းပြုပြီး စျေးအဆမတန်တင်နေတဲ့ ကုန်သည်များကို အပြစ်ပေးမည်

ကိုရိုနာဗိုင်းရပ် စ်အကြောင်းပြုပြီး စျေးကစားသည့် ကုန်သည်များကို ထိထိရောက်ရောက် အရေးယူမည်ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မတ် ၁၃ ရက်က သမ္မတ အိမ်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“စျေးကစားတဲ့ ကုန်သည်တွေ၊ လုပ်ငန်းရှင်တွေ ရောင်းချတဲ့သူတွေကို ထိထိရောက်ရောက်အရေးယူမယ်” ဟု နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

ကုန်စျေးနှုန်းကြီးမြင့်စေရန် ဆောင်ရွက်သည့် ကုန်သည်များကို အရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများကို အရေးယူရန် ညွှန်ကြားထားသည်ဟု ဦးဇော်ဌေးက ဆက်လက်ပြောကြားသည်။

“ကြီးကြီးမားမား အမြတ်တင်ရောင်းချတဲ့သူတွေကို အရေးယူဖို့ ညွှန်ကြားထားတယ်။ စီး/ကူး ဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အစိုးရတွေ ဆောင်ရွက်ဖို့ ရှိပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

မတ် ၁၂ ရက် မွန်းလွဲပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး ကောလာဟလသတင်းများ ထွက်ပေါ်လာပြီး နောက်ပိုင်းတွင် စျေးဝယ်စင်တာများ၌ ပုံမှန်မဟုတ်ဘဲ ကုန်ပစ္စည်းဝယ်ယူသူ များပြားခဲ့သည်။

သတင်း Eleven Media Group

Add a Comment

Your email address will not be published. Required fields are marked *