သင်္ကြန် မကျင်းပဖြစ်မှာ စိုးရိမ် နေသူများ ဖတ်ပါ

CNN သတင်းမှာ အီတလီဝန်ကြီးချုပ်ဟောင်းကနောင်တကြီးစွာရပြီးပြောသွားခဲ့တဲ့မိန့်ခွန်းစကားကိုဖတ်ခဲ့ရတယ်။

ကျွန်တော်တို့က ကမ္ဘာကြီးတစ်ခုတည်းမှာ နေတာပါ ကျွန်တော့ မိတ်ဆွေ ဥရောပသားတွေ အမေရိကန်တွေ ကို တောင်းပန်ချင်တာက အမှားတွေ လုပ်ပြီး အချိန် မဖြုန်းကြပါနဲ့။ကိုယ်နိုင်ငံမှာ မဖြစ်သေးဘူးဆိုပြီး ကဇာတ်ရုံတွေ သွားကြတယ် လူထူထပ်တဲ့နေရာကို သွားကြတယ်။

ကျွန်တော်တို့လို တူညီတဲ့အမှားမျိုး မလုပ်ကြပါနဲ့ တောင်းပန်ပါတယ်။

ယနေ့ အီတလီမှာ နေ့ချင်းညချင်းလူပေါင်း 9000 ကျော် ကူးစက်ခံရပြီး 400ကျော် သေဆုံးခဲ့ပါပြီ။ သူတို့ဟာဒီ virusကို ပေါ့လျော့ခဲ့ပါတယ်တဲ့။ အခုတော့ အနီရောင်အဆင့်သတ်မှတ်ပြီးတစ်နိုင်ငံလုံး အဝင်အထွက် Shut Down လုပ်ပစ်လိုက်ပြီ။ဒီလိုလုပ်ပစ်လို့လဲအချိန်လွန်ကုန်ပြီ ကူးတဲ့သူတွေဆက်ကူးပြီး သေတဲ့သူတွေဆက်သေနေဆဲ။

လည်ပတ်စရာအကောင်းဆုံးနဲ့ပျော်စရာအကောင်းဆုံးနိုင်ငံထဲမှာ အီတလီပါတယ်။ အခုတော့တနိုင်ငံလုံးသရဲခြောက်မတတ်ခြောက်ကပ်လို့။

ကမ္ဘာပေါ်မှာအဆင်းရဲဆုံးနိုင်ငံတွေဖြစ်တဲ့ ကျွန်တော်တို့ မြန်မာ လာအိုနဲ့ အရှေ့တီမောနိုင်ငံတွေမှာ ဒီ virus မရှိတာတကမ္ဘာလုံးကအံ့သြနေကြတယ်။

တကယ္မရွိတာလား 
ရှိမှန်းတောင် မသိနိုင်ကြတာလား 

WHO ကကမ္ဘာကပ်ရောဂါကြီးအဖြစ် ကြေငြာချိန်မှာ ကျွန်တော်တို့မြန်မာတွေကတော့ Corona ကို သင်္ကြန်သတင်းလောက်တောင် စိတ်မဝင်စားကြပါ။

သင်္ကြန်ဆိုတာ နောင်တနှစ် အစားပြန်ရနိုင်ပါတယ်။

ကျွန်တော်တို့အသက်ဟာ အစားထိုးစရာ အချောင်းအပိုမရှိပါ။ သင်္ကြန်တွင်းမှာသာကူးစက်ခဲ့ရင် တောမီးလို ငြိမ်းမရခင်မြေပုံမှာ မြန်မာဆိုတာ ပျောက်သွားမှာပါ။

မြန်မာပြည်ဟာ ဒုတိယအီတလီ ဖြစ်လာနိုင်ပါတယ်။ အရှိန်အဟုန်နဲ့ တကမ္ဘာလုံးမှာ ကူးစက်မှုအမြင့်ဆုံးအသေအပျောက်အများဆုံးနိုင်ငံအဖြစ်နေ့ချင်းညချင်းဖြစ်သွားနိုင်ပါတယ်။

ကျန်းမာရေးဂရုစိုက်ပါ။ ကျန်းမာရေးကောင်းအောင်လုပ်ထားပါ။ လူစုလူဝေးရှောင်ပါ။ လမ်းဘေးစာမစားပါနဲ့။ ပြည်ပမထွက်ပါနဲ့။ ပွဲလမ်းသဘင်ရှောင်ပါ။ ဆန် ဆီ ဆား အခြေခံအသုံးအဆောင်များ မပြတ်ခင်ကြိုဝယ်ထားပါ။

ဒီ postလေးကို ကျေးဇူးပြုပြီး share ပေးကြပါ။

Add a Comment

Your email address will not be published. Required fields are marked *