ပြည်သူတွေစိတ်မပူဖို့နဲ့ ဆန်ဂိုတခုထဲတွင်ပဲ ဆန်အိတ် ၅သိန်း ရှိကြောင်းဆိုလာတဲ့ ဧရာမင်းသားလုပ်ငန်းအုပ်စု
|ကောလဟာလထုတ်လွှင့်တဲ့ ဝိသမလောဘသားတွေကြောင့် ပြည်သူတွေစိတ်မပူဖို့ အိမ်ထောင်စု၅သိန်း တလစာ ဆန်ရှိပါတယ်ဆိုတဲ့ ဧရာမင်းသားလုပ်ငန်းအုပ်စု။ မနေ့က ဝူဟန်ကမ္ဘာ့ကပ်ရောဂါနှင့် နွှယ်ပြီး အွန်လိုင်းမီဒီယာတခုနဲ့ချိတ်ဆက်ကာ ကောလဟာလထုတ် မိမိရဲ့အကျိုးအမြတ်အတွက် ကုန်ပစ္စည်း ရောင်းထွက်ဖို့ ပြည်သူတွေကို ဂျင်းထည့်လိုက်တဲ့ စီးတီးမတ်တခုနဲ့ အွန်လိုင်းမီဒီယာတခုရဲ့ ဆက်စပ်ပုံကို အားလုံးလည်း သတိထားမိကြမယ် ထင်ပါတယ်။
ဒီအချိန် တောမီးလောင် တောင်ကြောင်လက်ခမောင်းခပ် ဆိုသလို ဝိသမလောဘသားတွေ အလျှို လျှို ထွက်ပေါ်လာကြတာ မဆန်းပါဘူးနော်။ ပြည်သူတွေက မျက်စိဖွင့် နားစွင့်ကာ ဒီလိုမသမာတဲ့ ဝိသမလောဘသားတွေနဲ့ ပြည်သူတွေကို ခြောက်လှန့်နေတဲ့ အွန်လိုင်းမီဒီညာ တွေကို ဝိုင်းဝန်းတွန်းလှန်ကာ ဖယ်ကျဉ်ရမှာပဲ ဖြစ်ပါတယ်။ အဆိုးထဲက အကောင်းလို့ ပြောရမလိုပါပဲ စီးပွားရေးသမားတိုင်းဟာ မကောင်းတာတော့ မဟုတ်ပါဘူး။ ယခုလဲ အလုအယက် ဝယ်ယူကာ စားသောင်ကုန် ပြတ်လပ်မှာ စိတ်ပူနေကြတဲ့ ပြည်သူတွေအတွက် ဧရာမင်းသား လုပ်ငန်းစုက အိမ်ထောင်စု ငါးသိန်းစာအတွက် တလတိတိ စားသောက်နိုင်အောင် လုံလောက်တဲ့ ဆန်ပမာဏ ရှိပါတယ် ဆိုပြီး စိတ်အေးစေဖို့ ထုတ်ပြန်လိုက်ပါတယ်။
ဝိသမလောဘသားတွေ မည်မျှ လောဘတက်ပါစေ ဒေသပေါက်စျေးအတိုင်း လွတ်လပ်စွာ ရောင်းချပေးသွားမှာ ဖြစ်လို့ ငတ်မှာတော့ စိတ်ပူစရာ မရှိပါဘူးနော်။ အထူးသဖြင့် စိုက်ပျိုးရေး နိုင်ငံဖြစ်တဲ့အတွက် တကမ္ဘာလုံးနဲ့ အဆက်အသွယ်ပြတ်ခဲ့ရင်တောင် ဆန် ဆီ ဆား ပေါကြွယ်ဝတဲ့ နိုင်ငံမို့ ငတ်မှာတော့ မပူရပါဘူးနော်။ပြည်သူတွေ စိတ်အေးချမ်းသာစွာ ရောင်းဝယ်ဖောက်ကားနိုင်ဖို့ ဒီသတင်းလေးကို ထပ်ဆင့် ရှဲ ပေးကြပါအုံးနော်။ အဆိုပါ ဧရာမင်းသား လုပ်ငန်းစုက ဆန်များကိုအလုအရက်မဝယ်ကြရန်မေတ္တာရပ်ခံပါသည်။လက်ရှိ ကျွန်တော့စက်ရုံနှင့်ဂိုဒေါင် တစ်ခုထဲတွင်ပင် ဆန်အိတ် ငါးသိန်း((500000))ကျော်ရှိပါသည် လိုအပ်ပါက အချိန်မရွေးရောင်းပေးပါမည်။ကောလာဟလ တွေလွှင့်ပြီး လူတွေကို ထိပ်လန့်အောင် မလုပ်ကြပါနဲ့ ။ဧရာမင်းသား လုပ်ငန်းစု Thin SandarAye ဆိုပြီး ထုတ်ပြန်ထားပါတယ်။
writer by : Thin Sandar Aye