တောင်ကြီး – ရန်ကုန်ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ် ဘောနက်ကြီးအမြန်းလမ်းတွင် မီးလောင်

တောင်ကြီး – ရန်ကုန်ပြေးဆွဲနေသည့်  ခရီးသည်တင် Express တစ်စီး ၂၀၂၀ ခုနှစ်၊ မတ်လ (၁၃)ရက်နေ့ နံနက် (၅)နာရီအချိန်က ပဲခူး၊ ဘောနက်ကြီး အမြန်လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

YUTONG အမျိုးအစား   အဝါရောင်ခရီးသည်တင် Express ယာဉ်သည် နေပြည်တော် – ရန်ကုန်ဘက်ခြမ်း အမြန်လမ်းမကြီး မိုင်တိုင်အမှတ်   ၃၃/၀ နှင့် ၃၃/၁ကြားတွင် လေအိတ်ပွင့်ထွက်ပြီး ကားဘော်ဒီနှင့် ဘီးပွတ်တိုက်မှုကြောင့် မီးထွက်ကာ ရှော့ဘားဆီပိုက်သို့ မီးကူးစက်လောင်ကျွမ်းသွားခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ကွပ်ကဲမှုရုံး၏ စစ်ဆေးချက်အရ သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ဘောနက်ကြီးအမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သွားရောက်ငြိမ်းသတ်ခဲ့ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် (၃၂)ဦး၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ထိခိုက်ဒဏ်ရာမရကြောင်း သိရသည်။

ဓါတ်ပုံ – အမြန်လမ်းမီးသတ်တပ်ဖွဲ့ကွပ်ကဲမှုရုံး

Add a Comment

Your email address will not be published. Required fields are marked *