ဗိုင်းရပ်ကောလာဟလတွေ မယုံဖို့ မြန်မာအစိုးရကြေညာ

အင်တာနက်မှာ ပြန့်နေတဲ့ ဗိုင်းရပ်သတင်းတွေကို မယုံကြဖို့ မြန်မာအစိုးရ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်သံသယနဲ့ ဓာတ်ခွဲစစ်ဆေးထားတဲ့ လူနာ ၉ ယောက်မှာလည်း ရောဂါပိုး မတွေ့ရှိရကြောင်း ညသန်းခေါင်ကျော် အချိန်မှာ ထုတ်ပြန်ခဲ့ပါတယ်။

တခါ ဖေ့စ်ဘွတ် မက်ဆင်ဂျာ စာပို့စနစ်ကနေပြီး ဝန်ကြီးရဲ့ ကိုယ်ရေးအရာရှိက ပြောတယ်ဆိုပြီး သတင်းမှားကို အသံဖိုင်နဲ့ ဖြန့်နေတာ တွေ့တယ်လို့လည်း ရေးသားထားပါတယ်။

နောက် ဧပြီလကုန်အထိ ရောဂါ တားဆီးကာကွယ်ရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်သွားမယ်လို့ ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်းရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒီကာလအတွင်း သင်္ကြန်မဏ္ဍပ်ကြီးတွေနဲ့ ရုပ်ရှင်ရုံတွေအပါအဝင် ပွဲလမ်းသဘင်နဲ့ အစည်းအဝေးတွေ မကျင်းပဖို့လည်း ရောဂါ ကာကွယ်ထိန်းချုပ်ရေး အရေးပေါ်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ကောလာဟလသတင်းမှားတွေ ဖြန့်နေသူတွေကို ရှာဖွေ အရေးယူသွားမယ်လို့လည်း ဆိုပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *